Availability: in stock
SKU: Xylose Solution
Xylose (Lactulose) is a disaccharide, which is not hydrolyzed in the small intestine. Therefore it cannot be absorbed and is transported to the colon with water to retain the osmotic balance. Thus it increases the bulk, reduces viscosity of intestinal contents to promote a fluid stool.
Lactulose is used to reduce blood ammonia level in patients with portal systemic encephalopathy. The action of lactulose in hepatic encephalopathy depends on its breakdown by colonic bacteria to carbon di-oxide, l actic acid and small amounts of acetic acid and formic acid, which acidify the contents of the colon. The acidic environment converts ammonia to ammonium ion (NH4+), which cannot be absorbed. It also favours diffusion of ammonium from blood I nto the colon. The osmotic laxative action of lactulose and its metabolites then expels the trapped ammonium ions from the colon.
INDICATION
Xylose is indicated in every case of chronic constipation and hepatic encephalopathy.
DOSAGE AND ADMINISTRATION
Constipation
Adult: Initially 15 ml twice daily then gradually reduced according to patients needs.
Child: Under 1 year: 2.5 ml, 1-5: years 5 ml, 6-12 years: 10 ml, all twice daily and gradually reduced.
Hepatic Encephalopathy
30-50 ml 3 times daily subsequently adjusted to produce 2-3 soft stools daily.
SIDE EFFECT
Occasionally flatulence, cramp and abdominal discomfort can occur at the beginning of treatment; this is rapidly eliminated by reducing the dose
CONTRAINDICATION
Hypersensitivity to either galactose and or lactose; suspected intestinal obstruction.
PRECAUTION
Care should be taken that the patients has an adequate supply of water and mineral while undergoing therapy with lactulose. Foods that cause flatulence and excessive intake of carbonated drinks should be avoided. Care should be taken in case of lactulose intolerance.
USE IN PREGNANCY AND LACTATION
Studies show that lactulose has no adverse effects. However, consult your physician before using lactulose during pregnancy and lactation.
DRUG INTERACTION
The glycoside effect of cardiac glycosides can be intensified by potassium deficiency and which can be caused by lactulose.
PACKAGING
Each PET bottle contains 100 mloral solution. Each 5 ml oral solution contains lactulose USP 3.35 gm.
PHARMACEUTICAL PRECAUTION
Keep in a dry place away from light and heat.
WARNING
Keep out of the reach of children.
Manufactured by
Delta Pharma Limited, Bangladesh.
Unicode Version
Xylose (ဇိုင်းလို့စ်)
ဝမ်းပျော့ဆေးရည်
၁။ ပါဝင်သောဆေးပစ္စည်း - ဆေးရည် (၅မီလ်)တစ်ဇွန်းတွင် Lactulose(လက်ကျုလို့စ်)- ၃.၃၅ ဂရမ်ပါဝင်ပါသည်။
၂။ ဆေးအာနိသင်များ
လက်ကျုလို့စ်သည် ဝမ်းတွင်ပါဝင်သောရေပမာဏကိုများပြားစေ၍ ဝမ်းကိုပျော့စေသည့်အပြင် အူများ၏လှုပ်ရှားမှု ကိုကောင်းမွန်စေပြီး ဝမ်းသွားရလွယ်ကူစေပါသည်။ အူလမ်းကြောင်းအတွင်းရှိ အကျိုးပြုပိုးလေးများ များပြားစေကာ သွေးတွင်းရှိ အမိုးနီးယား(Ammonia)ပမာဏကိုလျော့ကျစေသောကြောင့် နာတာရှည်အသည်းရောဂါဖြစ်ပြီး သွေးတွင်း အမိုးနီးယားပမာဏမြင့်တက်ကာ သတိမကောင်းခြင်းနှင့် ကိုမာ(Coma)ဝင်ခါနီးအခြေအနေများတွင်ပါအသုံးပြုနိုင်ပါသည်။
၃။ အသုံးပြုနိုင်သောရောဂါများ
(၁) နာတာရှည်အသည်းရောဂါကြောင့် ရုတ်တရက်သော်လည်းကောင်း၊ နာတာရှည်သော်လည်းကောင်း ဦးနှောက်ထိခိုက်ခြင်း (ကိုမာမဝင်ခင်နှင့် ဝင်ပြီးအခြေအနေများအပါအဝင်)ကိုကာကွယ်ရန်နှင့်ကုသရန်
(၂) ဝမ်းချုပ်တတ်သူများ၊ နာတာရှည်ဝမ်းချုပ်သူများ
(၃) လိပ်ခေါင်းရောဂါနှင့် စအိုကွဲနာရှိသူများ(အူမကြီးနှင့်စအိုတစ်ဝိုက်ခွဲစိတ်ပြီးစအခြေအနေများတွင်) ဝမ်းသွားလျှင် ညှစ်၍မသွားရစေဘဲ လွယ်ကူစွာဝမ်းသွားနိုင်ရန် အသုံးပြုနိုင်ပါသည်။
၄။ သောက်သုံးရန်အညွှန်း
*ဝမ်းချုပ်ခြင်းအတွက်
ကလေး- အသက် ၁လမှ ၁၁လထိ - ၂.၅မီလ်ကို တစ်နေ့ ၂ကြိမ်
-အသက် ၁နှစ်မှ ၄နှစ်ထိ - ၂.၅မီလ် မှ ၁ဝမီလ်ကို တစ်နေ့ ၂ကြိမ်
-အသက် ၅နှစ်မှ ၁၇နှစ်ထိ - ၅မီလ် မှ ၂ဝမီလ်ကို တစ်နေ့ ၂ကြိမ်
လူကြီး - ၁၅မီလ်ကို တစ်နေ့ ၂ကြိမ်
(ဆေးပမာဏကိုဝမ်းသွားမှုရလဒ်အပေါ်မူတည်၍အတိုး၊အလျှော့ပြုလုပ်နိုင်ပါသည်။)
*အသည်းရောဂါကြောင့်ဦးနှောက်ထိခိုက်ခြင်းအတွက် - လူကြီး - ၃ဝမီလ်မှ ၅ဝမီလ်ကို တစ်နေ့ ၃ကြိမ်။ တစ်နေ့လျှင်ဝမ်းပျော့ပျော့၂ကြိမ်မှ၃ကြိမ်သွားနိုင်ရန်ဆေးပမာဏကိုအတိုး၊အလျှော့ပြုလုပ်၍သောက်သုံးနိုင်ပါသည်။
၅။ ဘေးထွက်ဆိုးကျိုးများ
ဆေးစသောက်ခါစတွင်ရံဖန်ရံခါ ဗိုက်မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထခြင်းတို့ဖြစ်တတ်ပါသည်။ ထိုလက္ခဏာများသည် ဆေးပမာဏလျှော့ချလိုက်သောအခါတွင်သက်သာသွားပါမည်။
၆။ သတိပြုရန်
-ဆေး၏ပါဝင်ပစ္စည်းများနှင့်ဓာတ်မတည့်သူများမသောက်သုံးသင့်ပါ။
-အူလမ်းကြောင်းပိတ်ဆို့နေသူများမသောက်သုံးသင့်ပါ။
-ကလေးများရေရှည်စွဲသောက်လျှင် သွားပိုးစားခြင်းဖြစ်နိုင်၍ လိုအပ်ချိန်မှာသာသောက်သုံးပါ။
-သတ်မှတ်ထားသောပမာဏထက်ပိုမိုသောက်သုံးပါက ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း များဖြစ်နိုင်ပါသည်။
-ကိုယ်ဝန်ဆောင်သည်နှင့်နို့တိုက်မိခင်များဆရာဝန်နှင့်တိုင်ပင်၍သောက်ပါ။
၇။ ထုတ်ပိုးပုံနှင့် ထားသိုရန်
ဆေးတစ်ပုလင်းတွင်ဆေးရည် ၁ဝဝမီလ်ပါဝင်ပါသည်။ အပူချိန်၃၀°C အောက်တွင်သာထားပါ။ ခြောက်သွေ့သောနေရာတွင်ထားပါ။
၈။ ဆေးဝါးဖြန့်ချီသူ
စန္ဒာမြိုင်ကုမ္ပဏီလီမိတက်-အမှတ်(၇)၊ ၁၀၈လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
Zawgyi Version
Xylose (ဇိုင္းလို႔စ္)
ဝမ္းေပ်ာ့ေဆးရည္
၁။ ပါဝင္ေသာေဆးပစၥည္း - ေဆးရည္ (၅မီလ္)တစ္ဇြန္းတြင္ Lactulose(လက္က်ဳလို႔စ္)- ၃.၃၅ ဂရမ္ပါဝင္ပါသည္။
၂။ ေဆးအာနိသင္မ်ား
လက္က်ဳလို႔စ္သည္ ဝမ္းတြင္ပါဝင္ေသာေရပမာဏကိုမ်ားျပားေစ၍ ဝမ္းကိုေပ်ာ့ေစသည့္အျပင္ အူမ်ား၏လႈပ္ရွားမႈ ကိုေကာင္းမြန္ေစၿပီး ဝမ္းသြားရလြယ္ကူေစပါသည္။ အူလမ္းေၾကာင္းအတြင္းရွိ အက်ိဳးျပဳပိုးေလးမ်ား မ်ားျပားေစကာ ေသြးတြင္းရွိ အမိုးနီးယား(Ammonia)ပမာဏကိုေလ်ာ့က်ေစေသာေၾကာင့္ နာတာရွည္အသည္းေရာဂါျဖစ္ၿပီး ေသြးတြင္း အမိုးနီးယားပမာဏျမင့္တက္ကာ သတိမေကာင္းျခင္းႏွင့္ ကိုမာ(Coma)ဝင္ခါနီးအေျခအေနမ်ားတြင္ပါအသုံးျပဳႏိုင္ပါသည္။
၃။ အသုံးျပဳႏိုင္ေသာေရာဂါမ်ား
(၁) နာတာရွည္အသည္းေရာဂါေၾကာင့္ ႐ုတ္တရက္ေသာ္လည္းေကာင္း၊ နာတာရွည္ေသာ္လည္းေကာင္း ဦးေႏွာက္ထိခိုက္ျခင္း (ကိုမာမဝင္ခင္ႏွင့္ ဝင္ၿပီးအေျခအေနမ်ားအပါအဝင္)ကိုကာကြယ္ရန္ႏွင့္ကုသရန္
(၂) ဝမ္းခ်ဳပ္တတ္သူမ်ား၊ နာတာရွည္ဝမ္းခ်ဳပ္သူမ်ား
(၃) လိပ္ေခါင္းေရာဂါႏွင့္ စအိုကြဲနာရွိသူမ်ား(အူမႀကီးႏွင့္စအိုတစ္ဝိုက္ခြဲစိတ္ၿပီးစအေျခအေနမ်ားတြင္) ဝမ္းသြားလွ်င္ ညႇစ္၍မသြားရေစဘဲ လြယ္ကူစြာဝမ္းသြားႏိုင္ရန္ အသုံးျပဳႏိုင္ပါသည္။
၄။ ေသာက္သုံးရန္အၫႊန္း
*ဝမ္းခ်ဳပ္ျခင္းအတြက္
ကေလး- အသက္ ၁လမွ ၁၁လထိ - ၂.၅မီလ္ကို တစ္ေန႔ ၂ႀကိမ္
-အသက္ ၁ႏွစ္မွ ၄ႏွစ္ထိ - ၂.၅မီလ္ မွ ၁ဝမီလ္ကို တစ္ေန႔ ၂ႀကိမ္
-အသက္ ၅ႏွစ္မွ ၁၇ႏွစ္ထိ - ၅မီလ္ မွ ၂ဝမီလ္ကို တစ္ေန႔ ၂ႀကိမ္
လူႀကီး - ၁၅မီလ္ကို တစ္ေန႔ ၂ႀကိမ္
(ေဆးပမာဏကိုဝမ္းသြားမႈရလဒ္အေပၚမူတည္၍အတိုး၊အေလွ်ာ့ျပဳလုပ္ႏိုင္ပါသည္။)
*အသည္းေရာဂါေၾကာင့္ဦးေႏွာက္ထိခိုက္ျခင္းအတြက္ - လူႀကီး - ၃ဝမီလ္မွ ၅ဝမီလ္ကို တစ္ေန႔ ၃ႀကိမ္။ တစ္ေန႔လွ်င္ဝမ္းေပ်ာ့ေပ်ာ့၂ႀကိမ္မွ၃ႀကိမ္သြားႏိုင္ရန္ေဆးပမာဏကိုအတိုး၊အေလွ်ာ့ျပဳလုပ္၍ေသာက္သုံးႏိုင္ပါသည္။
၅။ ေဘးထြက္ဆိုးက်ိဳးမ်ား
ေဆးစေသာက္ခါစတြင္ရံဖန္ရံခါ ဗိုက္မအီမသာျဖစ္ျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ေလထျခင္းတို႔ျဖစ္တတ္ပါသည္။ ထိုလကၡဏာမ်ားသည္ေဆးပမာဏေလွ်ာ့ခ်လိုက္ေသာအခါတြင္သက္သာသြားပါမည္။
၆။ သတိျပဳရန္
-ေဆး၏ပါဝင္ပစၥည္းမ်ားႏွင့္ဓာတ္မတည့္သူမ်ားမေသာက္သုံးသင့္ပါ။
-အူလမ္းေၾကာင္းပိတ္ဆို႔ေနသူမ်ားမေသာက္သုံးသင့္ပါ။
-ကေလးမ်ားေရရွည္စြဲေသာက္လွ်င္ သြားပိုးစားျခင္းျဖစ္ႏိုင္၍ လိုအပ္ခ်ိန္မွာသာေသာက္သုံးပါ။
-သတ္မွတ္ထားေသာပမာဏထက္ပိုမိုေသာက္သုံးပါက ဝမ္းေလွ်ာျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ေရဓာတ္ခမ္းေျခာက္ျခင္း မ်ားျဖစ္ႏိုင္ပါသည္။
-ကိုယ္ဝန္ေဆာင္သည္ႏွင့္ႏို႔တိုက္မိခင္မ်ားဆရာဝန္ႏွင့္တိုင္ပင္၍ေသာက္ပါ။
၇။ ထုတ္ပိုးပုံႏွင့္ ထားသိုရန္
ေဆးတစ္ပုလင္းတြင္ေဆးရည္ ၁ဝဝမီလ္ပါဝင္ပါသည္။ အပူခ်ိန္၃၀°C ေအာက္တြင္သာထားပါ။ ေျခာက္ေသြ႕ေသာေနရာတြင္ထားပါ။
၈။ ေဆးဝါးျဖန႔္ခ်ီသူ
စႏၵာၿမိဳင္ကုမၸဏီလီမိတက္-အမွတ္(၇)၊ ၁၀၈လမ္း၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ရန္ကုန္။